• Business English ED Plus Visa ဝန်ဆောင်မှုအကြောင်း

  • ထိုင်းနိုင်ငံတွင် ၅ နှစ်အထိ Long Termနေထိုင်နိုင်ပြီး အခွင့်အရေးများစွာရရှိမည့် အကောင်းဆုံး ပညာရေးဗီဇာ

  • အခြားကျောင်းများတွင် ED Plus Visa လျှောက်မည်ဆိုပါက တစ်ပတ်လျှင် (၄) ရက်ခန့် ကျောင်းတက်ရတတ်ခြင်း၊ ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရခြင်း၊ တစ်နှစ်စာ ကျောင်းလခကို တစ်ခါတည်း အကြေပေးသွင်းရခြင်းနှင့် Visa မှာလည်း သုံးလတစ်ခါသာ ရတတ်ခြင်းစသည့် အခက်အခဲများ ရှိတတ်ပါသည်။

    Global Gateway ၏ Business English ED Plus Visa Program သည် ထိုအခက်အခဲများကို အပြည့်အဝ ဖြေရှင်းပေးထားပါသည်။ တစ်ပတ်လျှင် (၁) ရက်သာ ကျောင်းတက်ရန် လိုအပ်ပြီး Semester တစ်ဖြတ်ချင်းစီ ခွဲ၍ ငွေပေးသွင်းနိုင်ပါသည်။ ထို့ပြင် ဗီဇာရရှိသည်နှင့် ကျောင်းမှ သက်တမ်းတိုးခြင်း၊ ဗီဇာပြောင်းခြင်းများကို အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ရာ Immigration တွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။

     

    Why choose us?

    လွယ်ကူသော ဝင်ခွင့်

    VIP သက်တမ်းတိုး

    Multiple Entry ရရှိခြင်း

    Semester အလိုက် ပေးသွင်းနိုင်ခြင်း

    ED Plus Visa ၏ အဓိက အကျိုးကျေးဇူးများ

    ထိုင်းနိုင်ငံတွင် WFH, Freelance လုပ်နေသူများ၊ နိုင်ငံတကာအဆင့်မီ ဘွဲ့တစ်ခု ရယူလိုသူများနှင့် အခြားနိုင်ငံသို့ ဗီဇာဆက်လက်လျှောက်ထားလိုသူများအတွက် အထူးသင့်လျော်ပါသည်။ အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။