Passport သက်တမ်းတိုးဝန်ဆောင်မှု

သံရုံးတွင် အချိန်ကုန်ခံ တန်းစီစရာမလိုဘဲ အလုပ်အကိုင်မပျက် Passport ကိစ္စရပ်များကို အလွယ်တကူ ဆောင်ရွက်နိုင်မည့် ဝန်ဆောင်မှု

ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသူများအနေဖြင့် Passport သက်တမ်းကုန်ခါနီးဖြစ်ခြင်း သို့မဟုတ် အလည်အပတ် (PV) မှ အလုပ်အကိုင် (PJ) သို့ ပြောင်းလဲလိုခြင်းများ ရှိတတ်ပါသည်။ ပုံမှန်အားဖြင့် ကိုယ်တိုင်သွားရောက်လုပ်ဆောင်ပါက သံရုံးတွင် မနက်မှညနေအထိ အကြာကြီး တန်းစီစောင့်ဆိုင်းရခြင်း၊ လိုအပ်သော စာရွက်စာတမ်းများ အများကြီး လိုက်စုနေရသဖြင့် ခေါင်းခဲရခြင်းစသည့် အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။

Global Gateway ၏ Passport ဝန်ဆောင်မှုဖြင့် ထိုအခက်အခဲများကို လုံးဝ စိတ်ပူစရာမလိုတော့ပါ။ မြန်မာနိုင်ငံရှိ Passport အမျိုးအစားခွဲခြားသတ်မှတ်ချက်များအရ ဘယ် Passport အမျိုးအစားကိုမဆို အလွယ်တကူ ပြောင်းလဲသက်တမ်းတိုးပေးနေပြီး၊ လိုအပ်သော စာရွက်စာတမ်းများအားလုံးကို ကျွန်ုပ်တို့ Team မှ အစအဆုံး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

Why choose us?

အချိန်ကုန်သက်သာခြင်း

အမျိုးအစားပြောင်းနိုင်ခြင်း

စာရွက်စာတမ်း တာဝန်ယူမှု

အလုပ်အကိုင်မပျက်ခြင်း

Passport ဝန်ဆောင်မှုတွင် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

Global Gateway တွင် အောက်ပါ Passport ဝန်ဆောင်မှုများကို အလွယ်တကူ ဆောင်ရွက်နိုင်ပြီဖြစ်ပြီး   လိုအပ်ချက်နှင့် ကိုက်ညီမည့် Passport အမျိုးအစားကို ရွေးချယ်၍ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါသည်။