ပုံမှန်အားဖြင့် ကိုယ်တိုင် လာအိုသို့ Visa သွားတိုးပါက ခရီးစဉ်တစ်လျှောက် သွားရေးလာရေး၊ စားသောက်ရေးနှင့် တည်းခိုရေးအတွက် အခက်အခဲရှိတတ်ခြင်း၊ Visa လျှောက်ရန် စာရွက်စာတမ်းများ ကိုယ်တိုင်ပြင်ဆင်ရခြင်းနှင့် Immigration တွင် အမေးအမြန်းထူပြီး ရစ်ခံရခြင်းစသည့် ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။
Global Gateway ၏ VIP လာအိုဗီဇာခရီးစဉ်ဖြင့် ဤအခက်အခဲများကို လုံးဝ စိတ်ပူစရာမလိုတော့ပါ။ ဘန်ကောက် Mochit ကားဝန်းမှ စတင်ပြီး အသွားအပြန်ကို VIP Bus ဖြင့် သက်တောင့်သက်သာ သွားလာနိုင်မည်ဖြစ်သည်။ ထို့ပြင် Officer များနှင့် ကြိုတင်ချိတ်ဆက်ထားသောကြောင့် Immigration အဝင်/အထွက်တွင် အမေးအမြန်း လုံးဝမရှိဘဲ အေးဆေးစွာ ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။
ခရီးသွားရသည်မှာ ပင်ပန်းမှုမရှိဘဲ ဟိုတယ်တွင် အေးဆေးအနားယူနေရုံဖြင့် (၂) လစာ ဗီဇာအသစ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဘတ် ၁၃,၅၀၀ အပြီးအစီးဖြင့် အောက်ပါဝန်ဆောင်မှုများအားလုံးကို ရရှိမည်ဖြစ်ပါသည်။